ဘရာဇီးနိုင်ငံက လျှပ်စစ်လေယာဉ်ထုတ်လုပ်သူ Eve ဟာ အသိအမှတ်ပြု လက်မှတ်ရရှိဖို့နဲ့ ၂၀၂၆ ခုနှစ်မှာ ဝန်ဆောင်မှု စတင်ပေးဖို့ ရည်ရွယ်ထားအတွက် သူ့ရဲ့ flying taxi စကေးအပြည့် ရှေ့ပြေးပုံစံကို ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။
Embraer ကုမ္ပဏီက ထိန်းချုပ်ထားတဲ့ Eve က သူ့ရဲ့ လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ လေယာဉ် eVTOL ရှေ့ပြေးပုံစံကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဖောက်သည်တွေကို ပြသခဲ့တာပါ။

Eve ဟာ မြို့တွင်းခရီးတိုအတွက် ခရီးသည်တွေကို လွန်းပျံပို့ဆောင်ဖို့ ဒေါင်လိုက် တက်နိုင် ဆင်းနိုင်တဲ့ ဘက်ထရီစွမ်းအင်သုံး လေယာဉ်တွေ တီထွင်နေတာပါ။
အခု မြေပြင်စမ်းသပ်မှုတွေ စတင်ပြီးနောက် အခုနှစ်ကုန် ဒါမှမဟုတ် ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ရှေ့ပြေးပုံစံ ပျံသန်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်း Eve စီအီးအိုက ပြောဆိုခဲ့ပါတယ်။