ဘရာဇီးလ်နိုင်ငံ ရီဆစ်ဖ် ကမ်းရိုးတန်းမြို့မှာရှိတဲ့ ဘုရားကျောင်းတစ်ခုရဲ့ အမိုးပြိုကျလို့ အနည်းဆုံး လူ(၂)ယောက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။
ပါနမ်ဘူရ်ကို ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ပရစ်ဆီလာ ကရော့စ် က လူ (၁၇)ယောက်လောက်ဟာ ဆေးဝါး ကုသမှု ခံယူနေရပြီး နောက်ထပ် သေဆုံးသူဦးရေ ထပ်တိုးစာရင်းမရှိဘူးလို့ ယူဆကြောင်းနဲ့ အမိုးကျသွားတဲ့ နေရာက အပျက်အစီးပုံထဲမှာ ရှာဖွေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

အမိုးပြိုကျချိန်ဟာ ဘုရားကျောင်းထဲမှာ အစားအစာ လှူဒါန်းဝေမျှ ရေးအတွက် အသုံးပြုနေချိန်ဖြစ်တယ်လို့လည်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ကရော့စ် က ပြောပါတယ်။