စက်တင်ဘာလ(၁၇)ရက်နေ့က ကစားခဲ့တဲ့ ဘန်စလေအသင်းနဲ့ လိဂ်ဖလား၊ တတိယအဆင့်ပွဲစဉ်မှာ မန်ယူ အသင်းက (၇)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရတာကြောင့် ဘန်စလေ အသင်းကို တစ်ပွဲလုံး ဖိအားပေးကစားနိုင်ခဲ့သလို သွင်းဂိုးတွေကိုလည်း သွင်းယူနိုင်ခဲ့တာပါ။

မန်ယူအသင်းဟာ လိဂ်ဝမ်းကလပ် ဘန်စလေအသင်းနဲ့ ကစားခဲ့ရပေမယ့် အခုပွဲစဉ်မှာ ရက်ဖို့ဒ်အပါအဝင် အသင်းရဲ့အဓိက ကစား သမားတွေကို အသုံးပြုလာခဲ့ပါတယ်။

မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၁၆)မိနစ်နဲ့ (၅၈)မိနစ်မှာ ရက်ဖို့ဒ်၊ ပွဲချိန်(၄၅)မိနစ်နဲ့ (၄၉)မိနစ်မှာ ဂါနာချို၊ ပွဲချိန်(၈၁)မိနစ်နဲ့ (၈၅)မိနစ်မှာ အဲရစ်ဆင်နဲ့ ပွဲချိန်(၃၅)မိနစ်မှာ အန်တိုနီက ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။
ဘန်စလေအသင်းကို (၇)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သလို ဒါက မန်ယူနည်းပြ တန်ဟတ်လက်ထက် ဂိုးအပြတ်ဆုံးနိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။