ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုတစ်ခုနဲ့ ကြုံတွေ့နေရပြီး ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးကာ ရေကြီးရေလျှံမှုခံစားရသူ လေးသန်းကျော် ရှိပါတယ်။

သြဂုတ် ၂၃ ရက်က ဘင်္ဂလားဒေ့ရှ် ခရိုင်တစ်ခုမှာ ဒေသခံတွေဟာ ယာယီဖောင်တွေသုံးပြီး သူတို့နေအိမ်တွေကို ရွှေ့ပြောင်းခဲ့တာ တွေ့ရပါတယ်။ မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီး မြစ်ကြောင်းကာကွယ်ရေးဆည်တွေကတစ်ဆင့် ရေကြီးရေလျှံ မှုတွေကြောင့် အရှေ့ဘက် ဖဲနီခရိုင်မှာ လူထောင်ပေါင်းများစွာ သောင်တင်နေခဲ့ပါတယ်။ နေရာအများအပြားမှာ ရေဟာ ၁၂ ပေကျော်အထိ မြင့်တက်ခဲ့ပါတယ်။

ရေမြုပ်နေတဲ့ အဆောက်အဦတွေနဲ့ဝေးရာကို ခါးလောက်မြင့်တဲ့ ရေထဲမှာ မွေးကင်းစကလေးငယ်တွေ အပါအဝင် ထိခိုက်လွယ်တဲ့ ဒေသခံတွေကို ယာယီငှက်ပျောဖောင်တွေသုံးပြီး ပို့ဆောင်ပေးခဲ့ရပါတယ်။

ကမ္ဘာ့ဘဏ် အင်စတီကျုရဲ့ ၂ဝ၁၅ ခုနှစ် ခွဲခြမ်းစိတ်ဖြာမှုအရ ကမ္ဘာ့ ရာသီဥတုဒဏ် အခံရ ဆုံး နိုင်ငံတွေအနက် ဘင်္ဂလားဒေ့ရှ်က လူ ၃ သန်းခွဲဟာ နှစ်စဉ် မြစ်ရေကြီးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အခုလို ကပ်ဘေးဖြစ်ရပ်တွေ ပိုမိုဆိုးရွားလာတာလို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။