ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း အိန္ဒိယနယ်စပ်ဒေသမှာ မိုးသည်းထန်စွာရွာလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေ တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ရေကြီးမှုကြောင့် လယ်ကွင်းတွေနဲ့ ရွာတွေ ရေဖုံးလွှမ်းနေတာကို ဒေသတွင်းမီဒီယာတွေက ဒရုန်းကနေ ရိုက်ကူးခဲ့တဲ့ မြင်ကွင်းမှာ အခုလိုတွေ့ရပါတယ်။

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းတာကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းက ဆင်းလ်ဟတ် ဒေသထဲ ဖြတ်သန်း စီးဆင်းတဲ့ ဆာမာမြစ်မှာ မြစ်ရေလျှံပြီး မြစ်ကြောင်းတစ်လျှောက် ဒေသတွေကို ရေဖုံးလွှမ်းသွားစေခဲ့ပါတယ်။
ဆင်းလ်ဟတ် ဒေသခံတွေဟာ ဒူးခေါင်းလောက်ထိ မြင့်တက်နေတဲ့ ရေတောထဲမှာ သွားလာနေရတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။
ကျေးလက်ဒေသနေ ပြည်သူ ၃ သိန်း ၇ သောင်း လောက်ဟာ ရေဘေးအတွင်း သောင်တင်နေ တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။