ဗို့အားမြင့်ဘက်ထရီ အပူလွန်ကဲတာကြောင့် မီးလောင်မှုဖြစ်ပွားမှာကို စိုးရိမ်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ ကားအစီးရေ ၄၆၁၆ စီးကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း အမျိုးသား အဝေးပြေးယာဉ်အန္တရာယ် ကင်းရှင်း ရေး စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့တာကို ကိုးကားပြီး Reuters က ဖော်ပြပါတယ်။

ပြန်လည်သိမ်းဆည်းခဲ့တဲ့ ကားတွေကတော့ ၂၀၂၂-၂၀၂၃ ခုနှစ်ထုတ် Audi Q5 SUV နဲ့ 2022 Audi A7 ကားတွေ ဖြစ်ပါတယ်။ အခုလို ဘက်ထရီအပူလွန်ကဲတာရဲ့ သက်ရောက်မှုအနေနဲ့ plug-in hybrid ကားတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ဘက်ထရီချို့ယွင်းမှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကားအတွင်းမှာ အဆင့်မြင့် ဆော့ဖ်ဝဲလ်တွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ အရောင်းကိုယ်စား လှယ်တွေက ပြောကြားထားပါတယ်။