ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေဟာ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်နောက်ပိုင်း ဗြိတိန်ရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်း မဟာဗျူဟာကို အကြင်းဖျင်းဖော်ပြတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်မှာ စစ်ကာလအတွင်း အရှိန် အဟုန်နဲ့ ဆန်းသစ်တီထွင်နိုင်တဲ့ စက်မှုအခြေစိုက်စခန်းရှိကြောင်း ပြသဖို့ရည်ရွယ်တဲ့ ချဉ်းကပ်မှုအသစ်ကို လန်ဒန်ကွန်ဖရင့်မှာ အကြမ်းဖျင်း ဖော်ပြမှာပါ။

ဗြိတိန်ကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပိုမိုမြန်ဆန်ပြီး ခံနိုင်ရည်ရှိတဲ့ ထောက်ပံ့ရေးကွ င်းဆက် ဖန်တီးနိုင်ပုံကို စူးစမ်းမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးကဏ္ဍဟာ အလုပ်အကိုင်နဲ့ တိုးတက်မှုအတွက် အင် ဂျင်တစ်ခုဖြစ်သင့်ပြီး လုံခြုံရေးနဲ့ စီးပွားရေးကို အားကောင်းစေတယ်လို့ ဂျွန်ဟီလေက ပြောပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်နေချိန်မှာ ဗြိတိန်တပ်တွေကို ရှေ့တန်းမှာ ဘယ်လို ဆက် လက်ထိန်းသိမ်းထားနိုင်မယ်ဆိုတာကို တင်ပြမှာပါ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံး ကာကွယ်ရေးစက်မှု မဟာဗျူဟာမှာ ဗြိတိန်အစိုးရက ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ မတည်မငြိမ်ဖြစ်မှုတွေကြားမှာ အမျိုးသားလုံခြုံရေးကို အားကောင်းစေမယ့် အစီအမံ တွေ ချမှတ်မယ်လို့ ဆိုပါတယ်။ Politico မှာ ဟီလေက ကွန်ဆာဗေးတစ် အုပ်စိုးမှု ၁၄ နှစ်တာကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တိုက်ပွဲဝင်ဖို့ အသင့်မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဆာတိုနီ ရာဒါကင်ကတော့ နိုင်ငံဟာ စစ်ပွဲဝင်ဖို့ အတိုင်းအတာတစ်ခုအထိ အသင့်ရှိနေတယ် လို့ အခိုင်အမာပြောထားပါတယ်။