ဗြိတိန်နိုင်ငံမှာ အမျိုးသားရေးအစွန်းရောက်တွေက ရွှေ့ပြောင်းဝင်ရောက်မှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်နေချိန်မှာ ဩဂုတ်လ ၆ ရက်က ရွှေ့ပြောင်းအခြေချသူ ၆၀ ကျော်စီ တင်ဆောင်လာတဲ့ လေသွင်းရာဘာလှေ နှစ်စင်းထက်မနည်း အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ခဲ့ပါတယ်။
တခြားလှေတစ်စင်းလည်း အရုဏ်မတက်ခင် ရေလက်ကြားကို ဖြတ်ကူးခဲ့သေးတယ်လို့ သိရပါတယ်။
အဲဒီလှေတွေကို ပြင်သစ်ရေတပ်သင်္ဘောတွေက ရေလမ်း ကြောင်းအတွင်း စောင့်ရှောက်ပေးခဲ့ပါတယ်။
အဲဒီနောက် ဗြိတိန် နယ်ခြားစောင့်ရေယာဉ်တွေနဲ့ ဆုံတွေ့ပြီး ရွှေ့ပြောင်းလှေတွေကို ခေါ်ဆောင်ကာ ဒိုဗာမှာ ကမ်းပေါ်တက်စေခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ လှေငယ်ပေါင်း ၁၂၅၀၀ ကျော် ရောက်ရှိလာခဲ့ပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ထက် ၁၆ ရာခိုင်နှုန်း တိုးလာတာဖြစ်တယ်လို့ ရွှေ့ပြောင်းစောင့်ကြည့်လေ့လာချက်အရ သိရပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ နယ်စပ် လုံခြုံရေးကို ထိခိုက်စေပြီး အသက်အန္တရာယ်ဖြစ်စေတဲ့ လှေငယ်တွေနဲ့ ဖြတ်ကျော်မှုတွေကို အဆုံးသတ်လို ကြောင်း ပြောဆိုထားပါတယ်။
ဗြိတိန် ထောက်လှမ်းရေးနဲ့ ဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်တွေ ပေါင်းစည်းမယ့် နယ်ခြားလုံခြုံရေး ကွပ်ကဲမှု အသစ်တစ်ခု ထူထောင်ပြီး နယ်စပ်လုံခြုံရေးကို မြှင့်တင်ဖို့ ခြေလှမ်းတွေ လုပ်ဆောင် နေတယ်လို့ လေဘာအစိုးရသစ်က ပြောဆိုထားပါတယ်။