ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသမှာ မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၈၇,၀၀၀ နီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် လွင့်စဉ်လာတဲ့ ပြာမှုန့်တွေ၊ ဓာတ်ငွေ့စီးကြောင်းတွေနဲ့ အခြားအပျက်အစီးတွေကြောင့် လူပေါင်းများစွာ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ Negros(နိဂရို့စ်)ကျွန်း အလယ်ပိုင်းရှိ Kanlaon(ကန်လာအွန်) မီးတောင်ပေါက်ကွဲမှုကြောင့် လတ်တလော လူ အသေအပျောက် မရှိခဲ့ပေမယ့် နောက်ထပ် ပေါက်ကွဲမှုတွေတော့ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။လွင့်စဉ်လာတဲ့ မီးတောင်ပြာတွေက Antique(အန်းတစ်)ပြည်နယ် အပါအဝင် အခြားနေရာတွေကို ကျရောက်ခဲ့ပြီး ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

Kanlaon (ကန်လာအွန်)မီးတောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး ပြည်တွင်းလေကြောင်းက လေယာဉ်ခြောက်စင်းနဲ့ စင်ကာပူနိုင်ငံကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ ဖိလစ်ပိုင် လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။