ဖိလစ်ပိုင်မြောက်ပိုင်းက လေထုထဲကို ဥက္ကာပျံခဲတစ်ခု ကျရောက်ခဲ့လို့ ကြာသပတေးနေ့ မနက်ပိုင်းက ကောင်းကင်ယံမှာ လင်းလက်တဲ့ မီးလုံးတစ်ခု ထွက်ပေါ်ခဲ့တယ်လို့ ဥရောပအာကာသအေဂျင်စီ(ESA)က ပြောပါတယ်။
အဲဒီဥက္ကာပျံခဲဟာ ၃ ပေ ကျော်ကျော်ရှည်ပြီး ကမ္ဘာ့လေထုထဲကို ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းအနီးမှာ ကျရောက်လာပြီး ဘေးအန္တရာယ်တစ်စုံတစ်ရာမရှိဘဲ လေထုနဲ့ ပွတ်တိုက်မှုအားကြောင့် လောင်ကျွမ်း ပျက်စီး သွားခဲ့တယ်လို့ (ESA)က ပြောပါတယ်။

X လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ (ESA)ရဲ့ ဗီဒီယိုမှာလည်း အဲဒီဥက္ကာပျံခဲ ဟာ အခုလို ကမ္ဘာ့လေထုထဲ မဝင်ခင်မှာ ကြိုတင်တွေ့ရှိရတဲ့ ကိုးခုမြောက် ဥက္ကာပျံခဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။