အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံရပြီးနောက် ပျောက်ဆုံးသွားရသူတွေရဲ့ မိသားစုဝင် ဒါဇင်များစွာဟာ အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်ရဲ့ ရုံးရှေ့မှာ စုရုံးခဲ့ပြီး တရားမျှတမှု ဖော်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီလို ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုဝင် ဆွေမျိုးတွေကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ယူနွတ်က လက်ခံ

တွေ့ဆုံခဲ့ပြီး တွေ့ဆုံခဲ့သူတွေထဲမှာ ပျောက်ဆုံးသူတွေရဲ့ မိခင်၊ ညီမ၊ အစ်မတွေ၊ ဇနီးတွေနဲ့ ဖွဲ့စည်းထားတဲ့ မေယာ ဒက်ခ် လို့ခေါ်တဲ့ အဖွဲ့လည်း ပါဝင်ပါတယ်။

မစ္စတာ ယူနွတ်က ရှိတ်ဟာစီနာကို ဆန့်ကျင်သူအများစုဖြစ်တဲ့ အဲဒီ ပျောက်ဆုံးသွားသူတွေမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ

သိရအောင် အရေးယူ ဆောင်ရွက်တာတွေ လုပ်သွားမှဖြစ်ပြီး တရားမျှတမှုကို ဖော်ဆောင်ပေးမှာဖြစ်တဲ့အကြောင်း တွေ့ဆုံပွဲမှာ ကတိပြုသွားခဲ့ပါတယ်။