ပြင်သစ်ုနိင်ငံ ပဲရစ်မြို့တော် အရှေ့ပိုင်းက ကဖေးဆိုင်တစ်ဆိုင်ရဲ့ အရံအတားတွေကို ကားတစ်စီးက ဝင်တိုက်ခဲ့လို့ ယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း ပြင်သစ်အစိုးရရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အဲဒီ ယာဉ်တိုက်မှု မှာ လူ(၁)ယောက် သေဆုံးပြီး (၆)ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီလို ဆိုင်ရဲ့ အရံအတားကို တိုက်ပြီးပြီးချင်းမှာ ယာဉ်မောင်းဟာ အခင်းဖြစ်ရာကနေ ထွက်ပြေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ဖမ်းဆီး ရမိခဲ့တာပါ။

အဲဒီဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ဒဏ်ရာအနာတရ ရစေမှုတို့နဲ့ စုံစမ်းစစ်ဆေးမှု လုပ်နေ ကြောင်းလည်း အစိုးရရှေ့နေတွေက ပြောပါတယ်။

အဲဒီကားပေါ်မှာ ခရီးသည်တစ်ယောက်လည်း လိုက်ပါလာခဲ့ပြီး အဲဒီခရီးသည်ဟာ အရက်သေစာနဲ့ မူးယစ်ဆေး သုံးစွဲထားတာကို စစ်ဆေးတွေ့ရှိရပြီး ဒဏ်ရာရတာမျိုး မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

ပဲရစ်မြို့တော်မှာ ဇူလှိုင် (၂၆)ရက်နေ့မှာ အိုလံပစ်ပွဲတော် ကျင်းပဖို့ရှိနေတဲ့အတွက် မြို့တော်တစ်ခွင်မှာ လုံခြုံရေးတပ်လှန့်ထားရပါတယ်။