ဘယ်လာရုစ်နဲ့ တရုတ် နှစ်နိုင်ငံ စစ်တပ်ဟာ ဗုဒ္ဓဟူးနေ့က ပိုလန်နိုင်ငံ နယ်စပ်အနီးမှာ နည်းဗျူဟာမြောက် စစ်ရေး လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံ တပ်ဖွဲ့တွေဟာ ညဘက် ကမ်းတက်တိုက်ပွဲ ၊ မြစ်ချောင်း အတားအဆီးတွေ ဖြတ်ကျော်ခြင်းနဲ့ လူနေထူထပ်တဲ့ ဒေသတွေမှာ စစ်ဆင်တိုက်ခိုက်ခြင်း လေ့ကျင့်ခန်းတွေကို ပူးတွဲ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သိမ်းငှက် တိုက်စစ်လို့ အမည်ပေးထားတဲ့ အဲဒီလှုပ်ရှားစစ်ကစားမှု လေ့ကျင့်ခန်းကို ဘယ်လာရုစ် တောင်ပိုင်း ဘရက်စ်မြို့ အနီးက လေ့ကျင့်ရေးကွင်းတွေမှာ ဇူလိုင်(၁၉)ရက်အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခု ပြုလုပ်တဲ့ ဘယ်လာရုစ်-တရုတ် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင်မှုဟာ ဝါရှင်တန်မြို့တော်မှာ ပြုလုပ်မဲ့ နေတိုး ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီတွေ တိုးမြှင့်ပေးအပ်ရေးကို နေတိုး အဖွဲ့ခေါင်းဆောင်တွေက အဓိက ဦးစားပေး ဆွေးနွေးဖို့ ရှိနေချိန်နဲ့ တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရေးအခင်းတုန်းက ရုရှားကို နယ်မြေဖြတ်ကျော် အသုံးပြုခွင့် ပေးခဲ့ဖူးပါတယ်။