မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က အများပြည်သူပိုင် ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးပြီး နေရပ်အမြန်ပို့ပေးဖို့ ပါလက်စတိုင်းလူမျိုးတွေက တောင်းဆိုမှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ မလေးရှား စစ်တပ်က အတည်ပြုပါတယ်။

တနင်္ဂနွေနေ့က အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ အဲဒီဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ ပါလက်စတိုင်း လူအုပ် တစ်အုပ်က အနီးအနားရှိ အဆောက်အဦထဲက ပရိဘောဂတွေကို ဖျက်ဆီးထားတာ တွေ့မြင်ရပါတယ်။ စနေနေ့ က အဲဒီဖြစ်စဉ်ကို သတင်းရရချင်းမှာ မလေးရှား စစ်တပ် အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေက ဖြစ်စဉ်မှာ ပါဝင်တဲ့ ပါလက်စတိုင်းတွေနဲ့ ဆွေးနွေးစကားပြောဆိုခဲ့ကြပါတယ်။

အဲဒီနောက်မှာ အခြေအနေ တည်ငြိမ်သွားခဲ့ပြီး ည (၇) နာရီကျော်လောက်မှာ လူစုကွဲသွားတယ်လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထင်ကြေးပေး ပြောဆိုတာတွေ မလုပ်ဖို့လည်း ပြည်သူတွေကို မလေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။