ပါကစ္စတန်ကျန်းမာရေးဝန်ကြီးဌာနဟာ သြဂုတ် ၁၆ ရက်က ပက်ရှဝါမြို့မှာ ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေး နေပြီး ဆေးရုံမှာ သီးခြားအဆောင်တစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ပင်လယ်ကွေ့နိုင်ငံတစ်ခုက ပြန်လာတဲ့ လူတစ်ယောက်မှာ မျောက်ကျောက်ရောဂါပိုးခေါ် mpox ဗိုင်းရပ်စ် ကူးစက်ခံရတာ အတည်ပြုပြီးနောက် အခုလို ဆေးရုံမှာ သီးခြားအဆောင်တစ်ခု ဖွင့်လှစ်ခဲ့တာပါ။ အဲဒီဗိုင်းရပ်စ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အမျိုးအစားသစ် ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကနေ အနီးနားနိုင်ငံတွေကို ဗိုင်းရပ်စ် ပျံ့နှံ့သွားပြီးနောက် အာဖရိကမှာ ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ WHO က အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်ဖို့ အတွက် လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမယ်လို့ အစောပိုင်းမှာ ခိုင်ဘာ ပက်ထွန်ခွာ ပြည်နယ်ရဲ့ ပြည်သူ့ကျန်းမာရေးညွှန်ကြားရေးမှူးရုံးက ပြောပါတယ်။
မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါဟာ တုပ်ကွေးလို လက္ခဏာတွေနဲ့ အဖုတွေ ပြည့်နေတဲ့ ဒဏ်ရာတွေ ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် အပျော့စားဖြစ်ပေမယ့် ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ HIV ပိုးရှိသူတွေလို ကိုယ်ခံအားစနစ် အားနည်းသူ တွေမှာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ခြေပိုများတယ်လို့ သိရပါတယ်။