ပစိဖိတ်ဒေသတွင်းမှာ တခြား နိုင်ငံရေးဩဇာဖြန့်ကြက်မှုတွေကို တန်ပြန်ဖို့ အမေရိကန်အနေနဲ့ ပိုမိုလုပ်ဆောင် ဖို့လိုအပ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးန်ကြီး ဝင်စတန် ပီတာ(စ်)က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီဒေသကို ဒုတိယမ္ဘာစစ်နောက်ပိုင်းကတည်းက လစ်လျူရှုထားခဲ့ပြီး ပေါ်ပေါက် လာတဲ့ လေဟာနယ်ကို တခြားသူတွေက ဝင်ရောက်နေရာယူ ကွက်လပ်ဖြည့်နေတယ်လို့ ပီတာ(စ်)က ပြောပါ တယ်။
မကြာသေးခင်နှစ်တွေကစပြီး ပစိဖိတ်ဒေသတွင်းက လုံခြုံရေး ၊ ကာကွယ်ရေး ၊ အကူအညီပေးရေးနဲ့ အခြေခံ အဆောက်အအုံ အပါအဝင် ကိစ္စရပ်အတော်များများမှာ ဩဇာလွှမ်းနိုင်ဖို့အတွက် ဝါရှင်တန်နဲ့ ပေကျင်းတို့ အကြား အားပြိုင်မှု မြှင့်တက်လာနေပါတယ်။
ပီတာ(စ်)ဟာ နယူးဇီလန်နဲ့ ဩစတေးလျရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ဩစတေးလျနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။