တရုတ်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့ကြား သံတမန် ဆက်ဆံရေးထူထောင်မှု နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ နော်တာဒမ် ဒီ ပဲရစ် ပြပွဲတစ်ခုကို ကြာသပတေးနေ့က ခင်းကျင်းပြသခဲ့ပါတယ်။
အဲဒီ ပြပွဲမှာ နော်တာဒမ် ဒီ ပဲရစ် ဘုရားကျောင်းက မူရင်း ပန်းပုလက်ရာလေးခုကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် ပြသခဲ့ပါတယ်။
ပြသခဲ့တဲ့ အထဲမှာ chimera(ခိုင်မီရာ)ရုပ်တုနဲ့ gargoyle (ဂါဂိုးလ်) ရုပ်တုတို့လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီရုပ်တုနှစ်ခုစလုံးဟာလည်း ပြင်သစ်နိုင်ငံ ပြင်ပမှာ ပထမဆုံးအကြိမ် အဖြစ် ခင်းကျင်းပြသတာလည်း ဖြစ်ပါတယ်။
အဲဒီရုပ်တုတွေဟာ လူမျက်နှာနဲ့ ဒဏ္ဍာရီလာ သတ္တ၀ါ သဏ္ဌာန် ထုဆစ်ထားတဲ့ ဂေါသစ်ခေတ် ပန်းပုလက်ရာတွေပါ။
မီးဘေးသင့်လို့ ပြန်လည်တည်ဆောက်နေရတဲ့ နော်တာဒမ် ဘုရားကျောင်းဟာ မကြာခင်က တည်ဆောက်မှုပြီးစီးလို့ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် တရုတ်အမျိုးသားပြတိုက်နဲ့ နော်တာဒမ် ဒီ ပဲရစ် ကျောင်းတော်ပိုင် လက်ရာတွေကို ထိန်းသိမ်းတဲ့အဖွဲ့တို့ ပူးပေါင်းပြီး အခုလို ပြပွဲတစ်ခုကို ခင်းကျင်းပြသခဲ့တာဖြစ်ပါတယ်။