အောက်တိုဘာ (၇)ရက်နေ့ ဟားမာ့စ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကို နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးမှု တစ်ခုလုပ်ပြီး သူကိုယ်တိုင်နဲ့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ဟု တို့ကိုလည်း စုံစမ်းစစ်ဆေးဖို့ အစ္စရေးကာကွယ်ရေး ဝန်ကြီး ဂေါ်လန့်(တ်) က ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟု ကိုယ်တိုင် တက်ရောက်တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့ ကျောင်းဆင်းပွဲတစ်ခုမှာ ကာကွယ်ရေး ဝန်ကြီး ဂေါ်လန့်တ် က အခုလို ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

အဲဒီနိုင်ငံတော်စုံစမ်းစစ်ဆေးမှုဟာ ဓမ္မဓိဋ္ဌာန်ကျပြီး ဆုံးဖြတ်ချက်ချသူ တွေ၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်သူတွေ ဖြစ်တဲ့ အစိုးရ ၊ စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက လူတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုဟာ အောက်တို ဘာ (၇)ရက်နေ့ အကြမ်းတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့ အရင်က တောင်းဆိုမှုတွေကို ပယ်ချခဲ့ပြီး ဖြစ်ပျက်ခဲ့တာ တွေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေကို စစ်ပြီးသွားတဲ့အချိန်မှသာ လုပ်ဆောင်သင့်တယ်လို့ ပြောခဲ့ဖူးပါ တယ်။

နေတန်ညာဟုရဲ့ ညွန့်ပေါင်းအစိုးရထဲမှာ အုပ်စုတိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရပြီး ကာကွယ်ရေးဝန်ကြီး ဂေါ်လန့်တ်ဟာလည်း ဂါဇာဆိုင်ရာ မဟာဗျူဟာနဲ့ ပတ်သက်လာရင် နေတန်ညာဟုနဲ့ အမြဲတမ်း သဘောကွဲလွဲပြီး ထိပ်တိုက်တွေ့နေကြတာ ဖြစ်ပါတယ်။