နေကို လက ဖုံးကွယ်သွားတဲ့ နေမီးကွင်းကြတ်ခြင်း (ring of fire) ဖြစ်စဉ်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပစိဖိတ် သမုဒ္ဒရာရေပြင်တစ်လျှောက်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။
မိနစ်အနည်းငယ်ကြာမြင့်တဲ့ အဲဒီ နေမီးကွင်းကြတ်တဲ့ ဖြစ်စဉ်ကို ချီလီနိုင်ငံတောင်ပိုင်း ထိပ်ဖျားဒေသ၊ အီစတာကျွန်းနဲ့ အာဂျင်တီးနားနိုင်ငံတို့က မြင်တွေ့လိုက်ကြရပါတယ်။

အဲဒီ နေမီးကွင်းကြတ်တဲ့ဖြစ်စဉ်ဟာ လဟာ ကမ္ဘာကနေ အလွန်ဝေးကွာသွားပြီး နေကို အပြည့်ဖုံးသွား နိုင်တဲ့ အခြေအနေကို ရောက်သွားချိန်မှာ ဖြစ်ပေါ်တာပါ။
လက နေကို ဖြတ်ချိန်မှာ နေရဲ့ မီးလျှံတွေ ပတ်လည် ဝန်းရံနေတဲ့ မည်းနက်တဲ့ အရိပ်သဏ္ဌာန် ထွက်ပေါ်လာတာဖြစ်ပါတယ်။