နီပေါနိုင်ငံမှာ နှစ်ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုနဲ့ ရေကြီးမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၂၉ ယောက် သေဆုံးကာ ၆၂ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မြို့တော် ခတ္တမန္ဒူရဲ့ အချို့နေရာတွေမှာ မိုးရွာသွန်းမှု ၁၂ ဒသမ ၇ လက်မအထိ ရှိခဲ့ပြီး အဓိက ဘဂ္ဂမတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၇ ပေ တက်လာခဲ့ တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တချို့ဒေသခံတွေက တနင်္ဂနွေနေ့မှာ ရွှံ့နွံဖုံးနေတဲ့ သူတို့ နေအိမ်တွေကို ပြန်လာနိုင်ကြပေမယ့် တချို့ဒေသမှာတော့ မြို့နဲ့ ကျေးရွာတွေကြား အဓိကလမ်းတွေ ပိတ်ဆို့နေဆဲ ဖြစ်ပါတယ်။

အခုအချိန်အထိ လူပေါင်း ၃၀၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မုတ်သုံရာသီအတွင်း နီပေါမှာ နှစ်စဉ် ရေကြီးမြေပြိုမှုတွေ ဖြစ်တတ်ပေမယ့် ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးရွာသွန်းမှု ပိုမိုပြင်းထန်လာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။