နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူးလေဆိပ်မှာ ဗုဒ္ဓဟူးနေ့က လေယာဉ်တစ်စင်း မြေပြင်ကနေ စတင် ပျံတက်ချိန်မှာပဲ ပျက်ကျခဲ့လို့ လူ(၁၈)ယောက် သေဆုံးခဲ့ပါတယ်။

နီပေါလေကြောင်းဖြစ်တဲ့ ဆော်ယာ လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ တောင်ကေါ် အပန်းခြေစခန်းဖြစ်တဲ့ ပိုခါရာမြို့က လေဆိပ်အသစ်မှာ လုပ်ရိုးလုပ်စဉ် ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းတွေလုပ်မဲ့ နည်းပညာရှင် (၁၇)ယောက်နဲ့ လေယာဉ် ဝန်ထမ်း (၂)ယောက်တို့ကို တင်ဆောင် တဲ့ လေယာဉ်ပါ။

အဲဒီလေယာဉ် မြေပြင်က ပျံတက်ချိန်မှာ ပျက်ကျခဲ့ရာ လေယာဉ်ပိုင်းလော့တစ်ယောက်ကိုပဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ နီပေါ လေကြောင်း တာဝန်ရှိသူ တွေက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် လေဆိပ်ကို ယာယီ ပိတ်ထားခဲ့ပေမဲ့ နာရီပိုင်းအတွင်းမှာ ပြန်ဖွင့်လှစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။