အိန္ဒိယနိုင်ငံသား ၄၃ ယောက်ကို တင်ဆောင်လာတဲ့ ဘတ်စကားတစ်စီးဟာ အိမ်နီးချင်း နီပေါနိုင်ငံမှာ သြဂုတ် ၂၃ ရက်က မိုးသည်းနေချိန် မြစ်ထဲထိုးကျခဲ့တယ်လို့ သိရပါတယ်။

စုစုပေါင်း လူ ၂၁ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ နီပေါရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ခရီးသည် ၄၁ ယောက်နဲ့ ယာဉ်အမှုထမ်း နှစ်ယောက်တို့ဟာ အိန္ဒိယလူမျိုးတွေ ဖြစ်ကြပြီး အခင်းဖြစ်ပွားချိန်မှာ ခရီးသွားမြို့တော် ပိုခါရာ ကနေ ခတ္တမန္ဒူကို ဦးတည်နေတာလို့ သိရပါတယ်။

ခတ္တမန္ဒူမြို့ကနေ ၁၁၈ ကီလိုမီတာအကွာ တာနာဟွန်ခရိုင်က မိုးရေကြောင့် ပြည့်လျှံနေတဲ့ မာစယန်ဒီမြစ်ထဲ ဘတ်စကား ပြုတ်ကျခဲ့တာပါ။
မြစ်ရေပြင်ကနေ လူ ၂၂ ယောက်ကို ကယ်ဆယ် ရေးတွေက ဆွဲတင်ခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရတဲ့ ၁၂ ယောက်ကို မြို့တော်ဆီ လေကြောင်းနဲ့ ပို့ဆောင်ခဲ့ ပါတယ်။

အဲဒီနေရာမှာ တောင်ထူထပ်ပြီး လမ်းတွေက ကျဉ်းမြောင်းကွေ့ကောက်နေတဲ့အတွက် ယာဉ်မောင်းတွေ အတွက် စိန်ခေါ်မှု များပြားပြီး ထောင့်ကျဉ်းတဲ့ အကွေ့အဝိုက်တွေမှာ ယာဉ်ကြီးတွေ မောင်းနှင်ရ ခက်ခဲတယ်လို့ သိရပါတယ်။