မြင့်တက်လာတဲ့ အဂတိလိုက်စားမှု ကျယ်ပြန့်လာမှုကို တားဆီးနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းမှာ အထူးပြု ထိန်းသိမ်းရေးစင်တာ အဆောက်အအုံ ၂၀၀ ကျော် တရုတ်တိုးချဲ့တည်ဆောက်နေပါတယ်။

၂၀၁၂ ခုနှစ် အာဏာရယူပြီးကတည်းက သမ္မတ ရှီဟာ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျlင်တံ့ လှုပ်ရှားမှုတစ်ရပ်ကို စတင်ခဲ့ပါတယ်။
အခုလိုဆောင်ရွက်တာဟာ အရာရှိတွေနဲ့ ပါတီဝင်တွေအကြား အကြောက်တရားရှိအောင် ထိန်းချုပ်ဖို့အတွက် ကာလကြာရှည် အသုံးပြုခဲ့တဲ့စနစ်ကို တိုးချဲ့မှုတစ်ခုလည်းဖြစ်ပါတယ်။

စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင် (CCDI)ရဲ့အဆိုအရ အကျင့်ပျက်ခြစားမှုနဲ့ အခြားကျူးလွန်မှုတွေကို စစ်ဆေးမေးမြန်းဖို့အတွက် လျှို့ဝှက်၊ တရားမ၀င် ချုပ်နှောင်မှုစနစ်တစ်ခုကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
၂၀၁၈ခုနှစ်ကတည်းက တရုတ်သမ္မတဟာ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ပေးမယ့် ဖွဲ့စည်းပုံပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် CCDI နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့တာလည်း ဖြ စ်ပါတယ်။