နာမည်ဆိုးနဲ့ အကျော်ကြားဆုံး တစ်ယောက်ဖြစ်တဲ့ မက္ကဆီကို မူးယစ်ရာဇာ အိုဆီးလ် ကာဒန်နက်စ်ကို အမေရိ ကန် အကျဉ်းထောင်ကနေ လွှတ်ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ထိန်းသိမ်းမှုအောက်ကို လွှဲပြောင်းပေးလိုက်ပြီလို့ အမေရိကန် ဖယ်ဒရယ် အကျဉ်းဦးစီးဗျူရိုကနေ သောကြာနေ့က ထုတ်ပြန်ပါတယ်။
ဂါး(ဖ်) ကာတဲလ် လို့ခေါ်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရေး ဂိုဏ်းရဲ့ တည်ထောင်သူဖြစ်တဲ့ ကာဒန်နက်စ်ဟာ အရင်က မက္ကဆီကိုမှာ ဖြစ်ပွားခဲ့တဲ့ သွေးစွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဦးဆောင်ကျူးလွန်ခဲ့သူဖြစ်ပါတယ်။
အလွန် ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းဖြစ်တဲ့ ခေါင်းဖြတ်သတ်ဖြတ် ခြိမ်းခြောက်တဲ့ နည်းလမ်းတွေကို သုံးစွဲကာ မူးယစ်ဆေးဝါးမှောင်ခိုဖောက်ကားမှုကို လုပ်ခဲ့တယ်လို့ စွပ်စွဲခံရသူပါ။

ကာဒန်နတ်စ်ဟာ ဂါး(ဖ်) ကာတဲလ် လို့ ခေါ်တဲ့ ပင်လယ်ကွေ့ဂိုဏ်းရဲ့ လက်နက်ကိုင်အုပ်စု ဇီတပ်(စ်)ကို မက္ကဆီကို စစ်တပ်က အငြိမ်းစား အထူးတပ်ဖွဲ့ဝင် တွေနဲ့ တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။
သူ့ကို ၂၀၀၃ ခုနှစ်က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး (၂၀၀၇)ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုကို လွှဲပြောင်းပေးအပ်ခဲ့ပြီး (၂၀၁၀)ပြည့်နှစ်မှာ သူ့ကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်စီရင်ခဲ့ပါတယ်။