ဟစ်ဇ်ဘိုလာနဲ့ အပြန်အလှန် ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ပြီးတဲ့နောက် ကြိုတင်သတိပြု ကာကွယ်တဲ့ အနေနဲ့ အစ္စရေးက သူ့ရဲ့ မြေထဲပင်လယ်ကမ်းခြေတွေကို တနင်္ဂနွေနေ့က ပိတ်ထားလိုက်ပါတယ်။
အစ္စရေး စစ်တပ်က လူစုလူဝေး မလုပ်ဖို့ သတိပေးမှုတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် တဲလ်အဗစ်နဲ့ ဟိုင်ဖာမြို့တွေက မြို့တော် ခန်းမတွေနဲ့ ကမ်းရိုးတန်းမြို့ ကမ်းခြေတွေကိုလည်း ပိတ်လိုက်ကြောင်း သက်ဆိုင်ရာမြို့အုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်တွေကြောင့် ခရီးသွားတွေနဲ့ ဒေသခံတွေ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြ ရပေမဲ့ နာရီအတန်ငယ်အကြာမှာ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု လျော့ပါးသွားပြီးဖြစ်လို့ ကန့်သတ် ချက်တွေကို ပြန်လည် ရုပ်သိမ်းကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်နဲ့ ဒရုန်းအလက်ပေါင်း ရာနဲ့ချီ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အစ္စရေးက လည်း ကြီးမားတဲ့ ရန်သူ့တိုက်ခိုက်မှုတွေကို ဖယ်ရှားနိုင်ဖို့ ဂျက်တိုက်လေယာဉ် အစင်း(၁၀၀)သုံးပြီး ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လက်ဦးမှုရယူ ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ (၁၀)လတာအတွင်း အကြီးမားဆုံး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု လည်း ဖြစ်ပါတယ်။