အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု အနေနဲ့ ဓားစာခံတွေ အိမ်ပြန်ခေါ်နိုင်ဖို့ အတွက် အပစ်ရပ် သဘောတူညီချက်ရေးဆွဲမှုကို အပြီးသတ်ဖို့ တိုက်တွန်းဆန္ဒဖော်ထုတ်မှုကို အမေရိကန်နိုင်ငံ ကက်ပီတိုလ် အဆောက်အအုံအနီးမှာ ဓားစာခံတွေရဲ့ မိသာစုတွေက ပြုလုပ်ခဲ့ကြပါတယ်။

အမေရိကန်ကွန်ဂရက်မှာ အင်္ဂါနေ့က နေတန်ညာဟု မိန့်ခွန်းပြောနေချိန်မှာ ကွန်ဂရက်ပြင်ပမှာ ဓားစာခံမိသားစုတွေက ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ သူတို့ရဲ့မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

အဗီဗာ ဆီးဂဲလ်လို့ခေါ်တဲ့ ဓားစာခံမိသားစုဝင်တစ်ယောက်က စစ်ပွဲကို ရပ်ဖို့လိုကြောင်း၊ နေတန်ညာဟုအနေနဲ့ ကူညီပေးဖို့ တောင်းပန် ကြောင်း ၊ ဓားစာခံ ၁၂၀ စလုံး ပြန်လွှတ်လာဖို့ လိုကြောင်း ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် မူကြမ်းဆွဲ အဆိုပြုပြီး အီဂျစ်နဲ့ ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးနေတဲ့ ဂါဇာ အပစ်ရပ်စဲရေး သဘောတူ ညီချက်အပေါ် သဘောတူမှုရရှိနိုင်အောင် အားထုတ်မှုတွေဟာ ပြီးခဲ့တဲ့ လတွေကစပြီး အရှိန်ရလာနေတယ်လို့ ဆိုပါတယ်။