ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေနဲ့ လုံခြုံရေးတပ်တွေကြား ထိပ်တိုက်တွေ့မှုတွေမှာ အနည်းဆုံး လူ (၁၄၇) ယောက် သေဆုံးမှုဖြစ်ပြီးတဲ့နောက် ကာဖျူးထုတ်ပြန်ထားပြီး ဒါကာမြို့တော် လမ်းမတွေမှာ တနင်္လာနေ့က စစ်တပ်က ကင်းလှည့်နေပါတယ်။

ဖမ်းဆီးထားတဲ့ ဆန္ဒဖော်ထုတ်သူ ခေါင်းဆောင်တွေကို အစိုးရက ပြန်လွှတ် ပေးဖို့ ၊ ကာဖျူးရုပ်သိမ်းဖို့နဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ ကျောင်းသားတွေဘက်က (၄၈)နာရီ အချိန်ပေးထား ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အစိုးရအလုပ်မှာ ခွဲတမ်းစနစ်ကျင့်သုံးနေမှုကို ပယ်ဖျက်ပေးဖို့ ကျောင်းသားထုက လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ရာမှာ လူထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ရပါတယ်။

တရားရုံးချုပ်က အဲဒီခွဲတမ်း စနစ်ကို ဖျက်သိမ်းကြောင်း အမိန့်ချပြီး နောက်တစ်နေ့ တနင်္လာနေ့မှာ နိုင်ငံတစ်ဝန်းမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပါတယ်။