ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ဦးဆောင်ဖွဲ့စည်းတဲ့ မျက်နှာသစ်အဖွဲ့ဝင် (၁၂)ယောက်ပါတဲ့ ထိုင်းအစိုးရဖွဲ့သစ် ကို ထိုင်းဘုရင် မဟာ ဗာဂျီရာ လောင်ကွန်းက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးလိုက်ပါတယ်။
အသက်(၃၈)နှစ် အရွယ် ပေထုံတန်ဟာ ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်အဖြစ် ပါလီမန်က အတည်ပြုခန့်အပ်ခဲ့တဲ့နောက် ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ ဖြူထိုင်းပါတီဟာ ၂၀၀၁ ခုနှစ်ကစပြီး အစိုးရအဖွဲ့တွေကို ဦးဆောင်လာခဲ့ဖူးပြီးတော့ အခုအစိုးရဖွဲ့အသစ်ထဲမှာ ဝန်ကြီးနေရာအများစုကို ချုပ်ကိုင်ထားပါတယ်။

ဘဏ္ဍာရေး ဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး နေရာကိုတော့ မူလအတိုင်းပဲ ဆက်လက်ခန့်အပ်ထားတာကို တွေ့ရပါတယ်။
ဒုတိယဝန်ကြီးချုပ် ဖန်သမ် ဝီချယာချိုင်းကို ကာကွယ်ရေးဝန်ကြီးနေရာကို ပေးထားပြီး သူ့ရဲ့ ကုန်သွယ်ရေးဝန်ကြီး ရာထူးနေရာမှာ ဖြူထိုင်းပါတီရဲ့ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်းဖြစ်သူ ပီချိုင်နာရစ်ထာပန်ကို အစားထိုးခန့်အပ်ထားပါတယ်။
အစိုးရအဖွဲ့သစ်ရဲ့ မူဝါဒအဆိုပြုချက်တွေကို လာမဲ့ အပတ်ထဲမှာ ပါလီမန်ကို တင်သွင်းသွားဖွယ် ရှိနေတယ်လို့ အစိုးရအဖွဲ့ အတွင်းဝန်က ရိုက်တာကို ပြောပါတယ်။