ထိုင်းနိုင်ငံသားပိုင်အမည်ခံတဲ့ နိုင်ငံခြားသားပိုင်စီးပွားရေးလုပ်ငန်းရှင်တွေကို နှိမ်နင်းဖို့အတွက် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေကို စစ်ဆေးသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပြီး အဲဒီလိုစစ်ဆေးမယ်ဆိုရင် ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် ထိခိုက်မှု သိပ်မရှိနိုင်ဘူးလို့ ထိုင်းရောက် မြန်မာတချို့က သုံးသပ်ပါ တယ်။
ထိုင်းစီးပွားရေးဖွံ့ဖြိုးမှုဌာန(DBD)က ထိုင်းနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် ၂၇၀၀၀ နီးပါးကို လာမယ့်နှစ်မှာ စစ်ဆေးသွားမှာဖြစ်တယ်လို့ DBD ဒါရိုက်တာဖြစ်သူရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားတာပါ။ အခုလိုစစ်ဆေးမယ်ဆိုရင် ထိုင်းနိုင်ငံသားအမည်ခံပြီး လုပ်ကိုင်နေတဲ့ မြန်မာလုပ်ငန်းရှင် တချို့အတွက် ထိခိုက်မှုတွေရှိနိုင်ပေမယ့် အဲဒါတွေက အနည်းစုဖြစ်တယ်လို့ ထိုင်းရောက်မြန်မာတစ်ယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ပိုင်ခွင့်မရှိတဲ့ လုပ်ငန်းအမျိုးအစားတွေကို သတ်မှတ်ပြဋ္ဌာန်းထားပြီး တရား မဝင် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေကို အဆက်မပြတ် စစ်ဆေးဖမ်းဆီးတာ တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။