အိန္ဒိယနိုင်ငံက လက်ယာယိမ်း အဖွဲ့တစ်ဖွဲ့က အဖွဲ့ဝင်တွေဟာ လူငယ်တစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံရမှုကနေ လွတ်မြောက်ခဲ့တဲ့ အမေရိကန် ရီပတ်ဘလစ်ကန်သမ္မတလောင်းနဲ့ သမ္မတဟောင်း ဒေါ်နယ် ထရမ့်အတွက် အထူးဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
လက်ယာယိမ်း ဟိန္ဒူအမျိုးသားရေးဝါဒီ အဖွဲ့အစည်းဖြစ်တဲ့ “ဟိန္ဒူဆီနာ” က ဝတ်ပြုသူတွေနဲ့ ပုရောဟိတ်တွေက မွန်မြတ်တဲ့ ဟင်္သပဒါးရောင် တီလတ် အမှတ်အသား ပြုထားတဲ့ ထရမ့်ရုပ်ပုံ ပိုစတာတွေနဲ့အတူ ဟိန္ဒူထုံးတမ်းစဉ်လာ ရွတ်ဆိုမီးပူဇော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဝတ်ပြုသူတွေဟာ စွမ်းအားနဲ့ အကာအကွယ်ကို ကိုယ်စားပြုတဲ့ ဟိန္ဒူနတ်ဘုရား မား-ဘာဂလာမူခီ ရုပ်တုရှေ့မှာ ထရမ့်အသက်ရှည်ဖို့ ကြွေးကြော်ဆုတောင်းခဲ့ကြပါတယ်။
လက်ယာယိမ်းအဖွဲ့အနေနဲ့ သူတို့ရဲ့ အယူအဆဖြစ်တဲ့ အစွန်းရောက် ဘာသာတစ်ခုကနေ ကမ္ဘာကို လွတ်မြောက်စေရေး အတွေးအခေါ်ကို တွန်းအားပေးရင်း ထရမ့် အသက်ရှည်ဖို့ ဆုတောင်းကာ စည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့ကြတာပါ။
ဇူလိုင် ၁၃ ရက်က ပြုလုပ်တဲ့ ထရမ့်ရဲ့ လူထုစည်းဝေးပွဲမှာ ထရမ့် ပစ်ခတ်လုပ်ကြံမှု ဖြစ်ခဲ့ပါတယ်။
ဒါဟာ ထရမ့်နဲ့ သမ္မတဂျိုးဘိုင်ဒန်တို့ရဲ့ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ အမေရိကန်နိုင်ငံရဲ့ နက်ရှိုင်းစွာပြိုကွဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းကို မီးမောင်း ထိုးပြခဲ့ပါတယ်။
