အမေရိကန် လျှို့ဝှက်လုံခြုံရေးဌာန ဒါရိုက်တာ ကင်ဘာလေ ချီတဲလ်ဟာ မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း သမ္မတ ဟောင်း ဒေါ်နယ်ထရမ့် ဒဏ်ရာရစေမယ့် လုပ်ကြံသတ်ဖြတ်မှုကို ရပ်တန့်ရန် ပျက်ကွက်ခဲ့တဲ့အတွက် ဌာနကို ပြင်းပြင်းထန်ထန် စိစစ်ခံရပြီးနောက် ဇူလိုင် ၂၃ ရက်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ဘတ်တလာမှာ ဇူလိုင် ၁၃ ရက်က လူစုလူဝေးရဲ့ အပေါ်စီးမှာ နေရာယူထားတဲ့ သေနတ်သမားက ထရန့်ကို ပစ်ခတ်နိုင်ခဲ့ပြီးနောက် လက်ရှိ သမ္မတဟောင်းတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ လျှို့ဝှက် လုံခြုံရေးဌာနဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။

ဇူလိုင် ၂၃ ရက်က အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီရှေ့မှောက်မှာ ချီတဲလ်ဟာ ပါတီနှစ်ရပ်စလုံးရဲ့ ရှုတ်ချမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီမဲဆွယ်ပွဲအတွက် လုံခြုံရေးအစီအစဉ်နဲ့ သေနတ်သမားရဲ့ သံသယဖြစ်ဖွယ်အပြုအမူကို ဥပဒေစိုးမိုးရေးဝန်ထမ်းတွေ တုံ့ပြန်ပုံနဲ့ ပတ်သက်လို့ စိတ်ပျက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ချီတဲလ်က ငြင်းဆို ခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် အများအပြားက သူမကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ လျှို့ဝှက်လုံခြုံရေးဌာနကို ၂၀၂၂ ခုနှစ်ကတည်းက ဦးဆောင်ခဲ့တဲ ချီတဲလ်က အဲဒီပစ်ခတ်မှု အတွက် သူမ တာဝန်ယူတယ်လို့ လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ၁၉၈၁ ခုနှစ်က သမ္မတရော်နယ်ရေဂင် ပစ်ခတ်ခံရမှုနောက်ပိုင်း လျှို့ဝှက်လုံခြုံရေးဌာနရဲ့ အကြီးမားဆုံး ကျရှုံးမှုဖြစ်တယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။