ဒေါ်နယ်ထရမ့်အစိုးရနဲ့ ဝန်ကြီးအဖွဲ့မှာ ရာထူးနေရာအတွက် အမည်စာရင်းတင်သွင်းခံထားရသူ အများအပြားဟာ ဗုံးခွဲခံရမယ်လို့ ခြိမ်းခြောက်မှုတွေ၊ လှည့်ဖြားမှုတွေနဲ့ ပစ်မှတ်ထားခံခဲ့ရတယ်လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ခြိမ်းခြောက်မှုတွေဟာ အင်္ဂါနေ့ညနဲ့ ဗုဒ္ဓဟူးနေ့နံနက်တွေမှာ ဖြစ်ပေါ်ခဲ့ပြီး ပစ်မှတ်ထားခံရသူတွေ ဘေးကင်းအောင် ဥပဒေစိုးမိုးရေးအေဂျင်စီတွေက မြန်မြန်အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က ရှင်းပြခဲ့ပါတယ်။

ခြိမ်းခြောက်ခံရသူတွေထဲမှာ ထရမ့်နဲ့ ဒုသမ္မတအဖြစ်အရွေးခံထားရတဲ့ ဂျေဒီဗန့်စ်လို အမေရိကန်လျှို့ဝှက်လုံခြုံ ရေးဌာနက ကာကွယ်ပေးထား တဲ့ VIP တွေတော့ မပါဝင်ပါဘူး။ ပစ်မှတ်ထား ခြိမ်းခြောက်ခံရသူတွေထဲမှာ ကုလ သမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံထားရတဲ့ အဲလိစ် စတက်ဖနစ်၊ ရှေ့နေ ချုပ်လုပ်ဖို့ ရွေးချယ်ခံရပြီး နုတ်ထွက်ခဲ့တဲ့ မတ် ဂိတ်စ်နဲ့ ဂိတ်စ်နေရာမှာ အစားထိုးရွေးချယ်ခံရတဲ့ ပက်ဘွန်ဒီတို့ ပါဝင်ပါတယ်။

ထရမ့်အစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးဆိုင်ရာ အမည်စာရင်းတင်သွင်းသူတွေကို ပစ်မှတ်ထားတဲ့ ဗုံးခြိမ်းခြောက်မှုတွေနဲ့ တုန်လှုပ်ချောက်ချားအောင် လုပ်ဆောင်တဲ့ ဖြစ်ရပ်တွေကို သိရှိထားပြီး ဥပဒေစိုးမိုးရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲ ကာကွယ်ထားတယ်လို့လည်း FBI က ထုတ်ပြန်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေအတိုင်း အမှန်တကယ် လုပ်ဆောင်ဖို့ ယုံကြည်ရလောက်ဖွယ်မရှိသလို စက်ပစ္စည်းတွေ ဒါမဟုတ် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေတော့ မတွေ့ရှိဘူးလို့ သိရပါတယ်။