ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ စီးပွားရေနဲ့ ဈေးကွက်အခြေအနေတွေဟာ အခွင့်လမ်းအသစ်တွေလည်း ပေါ်ပေါက်လာနိုင်သလို ထင်မှတ် မထားတဲ့ ခြိမ်းခြောက်မှုတွေလည်း ဖြစ်လာနိုင်ခြေရှိတယ်လို့ Investing.com မှာ ရေးသားဖော်ပြထားပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတသစ်ဖြစ်လာမှုက ဥရောပအတွက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်ပြီး ခြိမ်းခြောက်မှုတွေနဲ့ အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနေကြောင်း သုတေသနပညာရှင်တစ်ယောက်က ပြောကြားခဲ့ဖူးပါတယ်။ ဒုတိယအကြိမ်မြောက် သမ္မတတာဝန်ထမ်းဆောင်မယ့် ဒေါ်နယ်ထရမ့်ရဲ့ သမ္မတရာထူး တာဝန် ထမ်းဆောင်ချိန် အစပိုင်းလတွေမှာ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေနိုင်တယ်လို့ ဆိုပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှုတွေကိုတော့ အဓိကထားဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး လို့လည်း လေ့လာဆန်းစစ်သူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

ဒါပေမဲ့လည်း ထရမ့်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုချက်တွေကို လျှော့ချပြီး ဥရောပနဲ့ အမေရိကန်တို့ဟာ ပိုမိုထိရောက်တဲ့ ကုန်သွယ်မှု သဘောတူညီချက် တွေ ရရှိနိုင်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမယ့်အနေအထားတစ်ခုမှာ ရှိနေတာပါ။ထရမ်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒချမှတ်မှုတွေကြောင့် ဥရောပနဲ့အမေရိကန်တို့အကြား နှစ်ဦးနှစ်ဖက် အကျိုး ရှိတဲ့ သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့အတွက် လုံလောက်တဲ့ ဘုံတူညီချက်ရှိမှုဟာ ဆုတ်ယုတ်သွားနိုင်တဲ့ အနေအထားတစ်ခုမှာလည်း ရှိနေပါတယ်။

ယူကရိန်းအစိုးရအပေါ် ရပ်တည်ချက်ကတော့ ဥရောပကို အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်အပေါ် တင်းမာတဲ့ ရပ်တည်ချက်တွေကတော့ ဥရောပ တိုးတက်မှုနဲ့ ငွေကြေးဖောင်းပွမှုအတွက် ကာလတိုအတွင်း အခက်အခဲများစွာလည်း ဖြစ်ပေါ်နိုင်မယ်လို့လည်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒက အချိန်ကြာလာတာနဲ့အမျှ ဥရောပမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပိုမို ဆွဲဆောင်နိုင်ပြီး သိသာထင်ရှားတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်လာမှာပါ။ ဒါ့အပြင် ဥရောပနဲ့ အမေရိကန်တို့အကြား ထိရောက်တဲ့ ကုန်သွယ်မှု အနေအထားတွေ ဖြစ်ပေါ်လာနိုင်မယ်လို့လည်း လေ့လာသုံးသပ်သူတွေက ခန့်မှန်း သုံးသပ်ထားကြပါတယ်။