တဲလ်အဗစ်မြို့မှာ လူတစ်ဦးသေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုတစ်ခု ဩဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကို အစ္စရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ဒီဖြစ်ရပ်ဟာ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ ယူဆထား တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုလို့ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူတစ်ယောက်သေဆုံးကာ တခြားတစ်ယောက် ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။
ဒီဖြစ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ် ဒါမှမဟုတ် ရာဇဝတ်မှုတစ်ခုလို့ ယူဆကြောင်း၊ အကြမ်းဖက်လုပ်ရပ် ပိုဖြစ်နိုင်ကြောင်း တဲလ်အဗစ် ရဲအရာရှိတစ်ယောက်က ပြောပါတယ်။
သေဆုံးသူကို ဖော်ထုတ်ဖို့ ခက်ခဲနေပြီး ဒဏ်ရာရရှိသူက စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးနိုင်မယ်လို့ The Times of Israel က ဖော်ပြခဲ့ပါတယ်။