တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျတာကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံးသွားပါတယ်။

လူ ၁၈၁ ယယဦးလိုက်ပါလာတဲ့အဲ့ဒီလေယာဉ်ဟာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ နိုင်ငံအနောက်တောင်ပိုင်းက မူအန် (Muan) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်စဉ်အတွင်း အခုလို ပျက်ကျခဲ့တာပါ။
ဒီ Jeju Air လေယာဉ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ပျံသန်းလာတဲ့ လေယာဉ်ဖြစ်ပြီး ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦးတို့ လိုက်ပါခဲ့တာပါ။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ငှက်နဲ့ တိုက်မိတာကြောင့် ဆင်းသက်တဲ့ဂီယာ ချွတ်ယွင်းသွားတယ်လို့ တောင်ကိုရီးယား Yonhap သတင်းမှာတော့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပြီး လေယာဉ်ပေါ်က လူ ၂ ဦးကိုတော့ ကနဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးသမားတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNN က ဖော်ပြပါတယ်။

လေယာဉ်ဟာ မီးလောင်မှုကြောင့် လုံးဝနီးပါး ပျက်စီးသွားခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့လည်း အခင်းဖြစ်ရာမှာ ရှိနေတဲ့ မီးသတ်အရာရှိတွေက ပြောပါတယ်။