ဂျပန်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဝင်ရောက်တိုက်ခတ်ပြီးနောက် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ကြောင့် ခရီးသည်ထောင်ပေါင်းများစွာရဲ့ ခရီးစဉ်တွေ နှောင့်နှေးနေရပါတယ်။
တိုကျိုမြို့တော်နဲ့ နာဂိုယာမြို့ကို ဆက်သွယ်တဲ့ သယ်ယူပို့ဆောင်ရေးလိုင်းတွေ သောကြာနေ့ မနက်ပိုင်းမှာ ရပ်ဆိုင်းခဲ့ရတာပါ။
ကူးတို့ဆိပ်တွေနဲ့ ကျည်ဆန်ရထားဘူတာတွေမှာ ခရီးသည်အများအပြား သောင်တင်နေတာကို တွေ့ရပါတယ်။

ANA holdings နဲ့ ဂျပန် အဲလိုင်းအပါအဝင် လေကြောင်းလိုင်းတွေလည်း ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ် ရာချီ ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။
တစ်နာရီကို ၁၁၂ မိုင်နှုန်းနဲ့ တိုက်ခတ်တဲ့ တိုင်ဖွန်းရှန်ရှန်ဟာ ဒေသ စံတော်ချိန် ည (၈)နာရီ (၄၅) မိနစ်က တိုင်းတာထွာချက်အရ ကျူရှူးကျွန်း ကွန်နီဆာကီ ဆိပ်ကမ်းမြို့ကို ရောက်ရှိနေပြီး အနောက်မြောက်ဘက်ကို ရွေ့လျားနေပါတယ်။
အဲဒီမုန်တိုင်းဟာ တိုကျိုမြို့တော်ရှိရာ နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေကို အခုလာမဲ့ သီတင်းပတ် အားလပ်ရက်မှာ ရောက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။