လာမယ့် ၂၀၂၅ ခုနှစ်ကစပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အစိုးရဝန်ထမ်းတွေအနေနဲ့ တစ်ပတ်မှာ လေးရက်သာ အလုပ်ဆင်းရတော့မဲ့ အစီအစဉ်ကို စတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်း UPI သတင်းမှာ ရေးသားထားပါတယ်။

တိုကျိုမှာရှိတဲ့ လူငယ်တွေအနေနဲ့ လက်ထပ်ခွင့်ရရှိရေး အားပေးဖို့နဲ့ ကလေးမွေးဖွားမှုနှုန်း မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ တိုကျိုအစိုးရအနေနဲ့ အစိုးရဝန်ထမ်းတွေကို ဧပြီလကစတင်ပြီး တစ်ပတ်ကို သုံးရက်နားခွင့် ပေးမှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။

အလုပ်လုပ်နေတဲ့ မိခင်တွေ ကို ကူညီဖို့နဲ့ ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းကို မြှင့်တင်ဖို့အတွက် ရည်ရွယ်ထားတာလို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ဘဝ၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုကျိုမှာ အစပြုရမယ့် အချိန်တစ်ခုလည်းဖြစ်တယ်လို့ တိုကျိုအစိုးရက ပြောကြားခဲ့ပါတယ်။