တိဗက်တောင်တန်းမှာ ကမ္ဘာ့အကြီးဆုံး ရေကာတာတည်ဆောက်ဖို့ တရုတ်စီစဉ်နေပြီး ဒီရေကာတာ ဆောက် လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံနီးပါး သုံးစွဲသွားမှာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

ရေကာတာတည်ဆောက်ဖို့အတွက် ပြည်နယ်အစိုးရက ဒီဇင်ဘာ ၂၅ ရက်မှာ ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ဖြစ်လာမယ်လို့လည်း မျှော်မှန်းထားကြပါတယ်။

အဲဒီ ဆည်ကနေ နှစ်စဉ် ဘီလီယံ ၃၀၀ kWh နီးပါး ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး တရုတ်နိုင်ငံမှာ အကြီးဆုံး ရေကာတာဖြစ်တဲ့ Three Gorges ထက် သုံးဆ ပိုမိုထုတ်လုပ်နိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။