တရုတ်ဟောင်ကောင်ဒေသမှာ ပန်ဒါဝက်ဝံ အမြွှာလေးနှစ်ကောင် မွေးဖွားခဲ့တယ်လို့ အိုးရှင်းပါ့ခ် အပန်းဖြေဥယျာဉ် ရဲ့ ဥက္ကဋ္ဌ ပေါလို ပုန်း ကင်ယီ က အင်္ဂါနေ့က ပြောပါတယ်။
အဲဒီပန်ဒါ အမြွှာလေးတွေဟာ ငါးလသားအရွယ် ရောက်လာချိန် လာမဲ့နှစ် ဖေဖော်ဝါရီလလယ်လောက်မှာ အများပြည်သူနဲ့ မိတ်ဆက်ပြသပေးသွားမယ်လို့လည်း ပုန်းက ပြောပါတယ်။

အဲဒီပန်ဒါအမြွှာလေးတွေဟာ ၂၀၀၇ ခုနှစ်က တရုတ်ပြည်မကြီးကနေ တရုတ်ဟောင်ကောင် ဒေသကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ ပန်ဒါစုံတွဲ ယင်ယင်နဲ့ လီလီ တို့ရဲ့ သားသမီးလေးတွေဖြစ်ပြီး ဩဂုတ်လ (၁၅)ရက်နေ့က မွေးဖွားခဲ့ကြတာပါ။
အဲဒီပန်ဒါအမြွှာလေးတွေဟာ အထီးတစ်ကောင်နဲ့ အမတစ်ကောင် ဖြစ်ကြ တယ်လို့လည်း ပုန်းက ဖြည့်စွက်ပြောဆိုသွားခဲ့ပါတယ်။