တရုတ်သမ္မတ ရှီဟာ တရုတ်နိုင်ငံကို ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့ မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်ကို စက်တင်ဘာ ၂၀ ရက်က ဘေဂျင်းမှာ ကြိုဆိုခဲ့ပါတယ်။

အခုနှစ် အစောပိုင်းမှာ ဘုရင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အီဘရာဟင်နဲ့ တွေ့ဆုံရာမှာ တရုတ်နဲ့ မလေးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ဖို့ ရှီက ကတိပြုခဲ့ပါတယ်။

မလေးရှားရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တရုတ်နိုင်ငံနဲ့ ခိုင်မာတဲ့ မိတ်ဖက် ဆက်ဆံရေးအတွက် အမြဲတမ်း မျက်နှာသာပေးထားကြောင်း အီဘရာဟင်က ရှီကို ပြောပါတယ်။ ဂျိုဟိုပြည်နယ် ဘုရင်ခံကနေ ဘုရင်ဖြစ်လာတဲ့ အီဘရာဟင်နဲ့အတူ လမ်းပန်းဆက်သွယ်ရေးနဲ့ အိမ်ရာဝန်ကြီးတွေလည်း အတူ လိုက်ပါခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အီဘရာဟင်ဟာ ၁၀ နှစ်အတွင်း မလေးရှားဘုရင်တစ်ပါးအနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံး သွားရောက်လည်ပတ်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ Country Garden နဲ့ ဆူလ်တန်နောက်ခံပြု ပုဂ္ဂလိက မလေးရှားကုမ္ပဏီတို့ တည်ဆောက်မယ့် သစ်တောမြို့ နယ်ခြားဖြတ်ကျော်ဂိတ်နဲ့အတူ ရပ်တန့်နေတဲ့ ဒေါ်လာ ဘီလီယံ ၁၀၀ တန် မလေးရှားနဲ့ စင်ကာပူအကြား မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။