တရုတ်ရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ဂျပန်သင်္ဘောတစ်စင်းရဲ့ တရားမဝင်ရောက်လာတာနဲ့ မလျော်ကန်တဲ့ လုပ်ရပ်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကတိပြုဖို့ ဂျပန်နိုင်ငံကို တောင်းဆို ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လင်ကျန်က ဇူလိုင် (၁၁) ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

တရုတ်နိုင်ငံက ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်မယ်လို့ ပြောဆိုထားတဲ့ ကျွာကျန်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ထဲကို ဇူလိုင် ၄ ရက်က ဂျပန် ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖျက်သင်္ဘော ဆူဇူစူကီ ခုတ်မောင်းခဲ့တယ်လို့ သံတမန်သတင်းရင်း မြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဇူလိုင် ၁၀ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဂျပန်ဘက်ကတော့ ဒါဟာ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတစ်ခုလို့ ရှင်းပြခဲ့ပေမယ့် အဖြစ်အပျက်ကို အသေအချာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတယ်လို့လည်း လင်ကျန်က ပြော
ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆူဇူစူကီသင်္ဘော ကပ္ပတိန်ကို စစ်ဆေးမေးမြန်းမှု စတင်ခဲ့ပြီး သင်္ဘောသားတွေရဲ့ ရည်ရွယ်ချက်က မရှင်းလင်းသေးဘူးလို့ ကျိုဒိုသတင်းက ဖော်ပြခဲ့ပါတယ်။