တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့တော်က တိန်အန့်မင်ရင်ပြင်မှာ တရုတ်နိုင်ငံတော်အလံကို အင်္ဂါနေ့က လွှင့်ထူခဲ့ပါတယ်။
အဲဒီအလံတင် အခမ်းအနားကို အင်္ဂါနေ့ မနက်အစောပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ရာမှာ လူထုပရိသတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ငြိမ်းချမ်းရေးချိုးငှက်တွေ လွှတ်တာနဲ့ ရောင်စုံ မိုးပျံပူဖောင်းတွေကို လွှင့်တင်ခဲ့ကြရာမှာ တိန်အန့်မင်ရင်ပြင်အထက် ကောင်းကင်ယံမှာ ချိုးငှက်တွေ ၊ ရောင်စုံမိုးပျံပူဖောင်းတွေနဲ့ ဖုံးလွှမ်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။