အမေရိကန်နိုင်ငံ တက္ကဆပ်ကမ်းရိုးတန်းပေါ်က တံတားတစ်စင်းကို ဗုဒ္ဓဟူးနေ့က ကုန်တင်သင်္ဘောတစ်စင်း ဝင်တိုက်လို့ တံတားကို ပိတ်ခဲ့ရပါတယ်။ ပန်လီကန် အိုင်းလန်း လို့ခေါ်တဲ့ အဲဒီတံတားဟာ ဂါလ်ဗက်စ်တန်မြို့ အနီးက ကျွန်းငယ်လေးနဲ့ မြို့ကို ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော တံတားလို့ တာဝန်ရှိတွေက ပြောပါတယ်။




လက်ရှိမှာတော့ အဲဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးပါဘူး။ ကုန်တင် သင်္ဘောဝင် တိုက်ပေမဲ့ တံတားကတော့ ပြိုကျတာမျိုးမရှိဘဲ မူလအတိုင်း ရှိနေပါတယ်။ လောင်စာဆီယိုဖိတ်မှုတော့ ဖြစ် ပေါ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ဖရန်စစ္စ စကော့ကီး တံတားကို ကုန်တင်သင်္ဘောက ဝင်တိုက်လို့ တံတားပြိုကျမှုဖြစ်ပြီး လူ(၆) ယောက် သေဆုံးခဲ့ပါတယ်။