ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသနဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ တိုင်ဖွန်း ဂေမီရဲ့ အရှိန်ကြောင့် ဗုဒ္ဓဟူးနေ့က မိုးကြီးရေလျှံပြီး ရုံးနဲ့ ကျောင်းတွေကို ယာယီ ပိတ်ထားခဲ့ရပါတယ်။ နိုင်ငံခြား စတော့အိတ်ချိန်းစျေးကွက်မှာလည်း အရောင်းအဝယ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။

မနီလာမြို့ခံတွေဟာ ခါးလောက်ထိ ရေလွှမ်းနေတဲ့ လမ်းတွေမှာ သွားလာခဲ့ကြရပြီး တချို့က ကွန်တိန်နာတွေ ၊ ပုံးတွေပေါ်မှာ လိုက်ပါပြီး ရေကို ဖြတ်ကျော်နေကြတာကိုလည်း အခုလို တွေ့ရပါတယ်။

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် သမ္မတရုံးက တက္ကသိုလ်အဆင့်ကနေ အောက်ခြေ အဆင့်ထိ စာသင်ကျောင်းတွေအားလုံးကို ပိတ်ဖို့ ညွှန်ကြားခဲ့ပြီး အစိုးရ ရုံးဌာနအများစုကိုလည်း ပိတ်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။

တိုင်ဖွန်း ဂေမီဟာ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၀၀ နီးပါးရှိပြီး တရုတ်တိုင်ပေကျွန်းကို ဦးတည်ရွေ့လျား နေတယ်လို့ ဖိလစ်ပိုင် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။