လာမယ့် ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးထားပြီး TikTok ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းဖို့ ဒါမှမဟုတ်ရောင်းချဖို့အတွက် အမေရိကန်သမ္မ ဂျိုးဘိုင်ဒင်ကို ဒီမိုကရက်တစ်အမတ်နှစ်ဦးက တိုက်တွန်းပြောကြားထားကြောင်း US News မှာရေးသားထားပါတယ်။တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီအနေနဲ့ အမေရိကန်ရဲ့တားမြစ်ပိတ်ပင်မှုတွေကို ရင်ဆိုင်ဖို့အတွက် တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။

ByteDance ကုမ္ပဏီဟာ အမေရိကန်တရား ဥပဒေ စိန်ခေါ်ချက်အပေါ် ငြင်းဆန်ခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုကတာဝန်ရှိသူတွေက တားမြစ်ပိတ်ပင်ဖို့ လျှင်မြန်စွာဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ByteDance ကုမ္ပဏီက ရှေ့နေတစ်ဦးဖြစ်သူ Noel Francisco က လာမယ့် သီတင်းပတ် နောက်ဆုံးထားပြီး ရောင်းချမှုကို အပြီးသတ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောကြားထားပါတယ်။

အခုလို တားမြစ်ပါက အမေရိကန် ပြည်ထောင်စုမှာ Tik Tok အသုံးပြုသူ သန်း ၁၇၀ အတွက်များစွာထိခိုက်နစ်မှုတွေဖြစ်ပေါ်နိုင်တာကြောင့် ပြန်လည်သုံးသပ်စဉ်းစားဖို့ ကုမ္ပဏီက တိုက်တွန်းပြောကြားထားပါတယ်။