ဆွီဒင်နိုင်ငံမှာ ၂၀၂၃ ခုနှစ်တုန်းက ကိုရန်ကျမ်းစာအုပ်ကို မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ အီရတ်အမျိုးသားဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ ဆွီဒင် အစိုးရရှေ့နေရုံး ပြောရေးဆိုခွင့်ရှိသူက ဆာလ်ဝန် မိုမီကာ ဆိုတဲ့ အဲဒီအမျိုးသားဟာ မြို့တော် စတော့ဟုမ်းမှာ ဗုဒ္ဓဟူနေ့က ပစ်သတ်ခံရကြောင်း CNN ကို ကြာသပတေးနေ့မှာ အတည်ပြုပြောဆိုထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူ(၅)ယောက်ကို ဗုဒ္ဒဟူးနေ့ ညပိုင်းမှာ လူသတ်မှု သံသယနဲ့ အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ မိုမီကာကတော့ သူဟာ ၂၀၁၈ ခုနှစ်က အီရတ်ကနေ ဆွီဒင်ကို ရောက်လာခဲ့သူဖြစ်တယ်လို့ CNN ကို ၂၀၂၃ ခုနှစ်တုန်းက ပြောကြားခဲ့ဖူးပါတယ်။ ကိုရန်ဟာ ဒီမိုကရေစီ၊ လူ့ကျင့် ဝတ်၊ လူ့တန်ဖိုး၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အန္တရာယ်ဖြစ်စေတဲ့အတွက် ကမ္ဘာမှာ ကိုရန် ကျမ်းကို တားမြစ်ပိတ်ပင်သင့်တယ်လို့ ယုံကြည်တာကြောင့် ဆန္ဒဖော်ထုတ်တာလို့ ပြောခဲ့ဖူးပါတယ်။

မိုမီကာ ဟာ သူရင်ဆိုင်နေရတဲ့ လူမျိုးရေးမုန်းတီးမှုဖြစ်အောင် လှုံ့ဆော်တဲ့အမှုအတွက် ကြာသပတေးနေ့မှာ စီရင်ချက် ချမှတ် ခံရဖို့ ရှိနေချိန် ဗုဒ္ဓဟူးနေ့ ညမှာ ပစ်သတ်ခံလိုက်ရတာပါ။ ဒီအတွက် သူ့အပေါ်ချမှတ်မဲ့ စီရင်ချက်ကိုလည်း ရွှေ့ဆိုင်းလိုက်ရတယ်လို့ စတော့ဟုမ်း ခရိုင်တရားရုံးက ပြောပါတယ်။