ဆီးရီးယားစစ်တပ် ဆုတ်ခွာသွားတဲ့နောက် နောက်ထပ် အဓိကမြို့ကြီးဖြစ်တဲ့ ဟာမာမြို့ကို ဆီးရီးယား သူပုန်တွေ က ထိန်းချုပ်နိုင်လိုက်ပါတယ်။ ဒါဟာ အလက်ပိုမြို့ကို လက်လွှတ်လိုက်ရတဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်အတွက် နောက်ထပ် ဆုတ်ယုတ်မှုတစ်ခု ဖြစ်လာပါတယ်။

အစ္စလာမ္မစ်အုပ်စုဖြစ်တဲ့ ဟာယတ် တာရီ အယ်လ် ရှမ် (HTS)အဖွဲ့ခေါင်းဆောင် အဘူ မိုဟာမက် အယလ် ဂျော်လာနီက ဟာမာမြို့မှာ အောင်ပွဲရကြောင်း ကြေညာပြီး လက်စားချေမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ကတိပြုလိုက်ပါတယ်။ ဟာမာကို ထိန်းချုပ်မှုအတွင်း HTS တိုက်ခိုက်ရေးသမားနဲ့ မဟာမိတ်တွေက ဟာမာမြို့ အကျဉ်းထောင်ကို ဖွင့်ကာ အကျဉ်းသားတွေကို လွတ်ပေးခဲ့ပါ တယ်။

ဆီးရီးယားစစ်တပ်ကတော့ ဟာမာမြို့ပြင်မှာ တပ်ဖွဲ့ဝင်တွေ ပြန်လည်စေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဟာမာမြို့မှာ လူဦးရေ တစ်သန်း နေထိုင်ပြီး အလက်ပိုမြို့တောင်ဘက်မှာ တည်ရှိပြီးတော့ ဒမတ်စကပ်မြို့တော် ကို ဦးတည်တဲ့ လမ်းကြောင်းမှာရှိတဲ့ အရေးပါတဲ့မြို့ဖြစ်ပါတယ်။