တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က မြို့တော်ခန်းမအနီးမှာ ကားတစ်စီးက လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့ရာမှာ လူ(၉)ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ယာဉ်မတော် တဆမှုအပေါ် ကနဦး တုံ့ပြန်မှုလုပ်နေတဲ့ မြင်ကွင်းကို မျက်မြင်သက်သေတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ အခုလို တွေ့ရပါတယ်။

အဲဒီ ဗီဒီယိုမှာ ရဲအရာရှိတစ်ယောက်က အခင်းဖြစ်တဲ့နေရာက မြေပြင်မှာ လဲနေသူတစ်ယောက်ကို အရေးပေါ်ရှေးဦးသူပြုနည်းနဲ့ ပြုစုကုသပေးနေတာကို တွေ့ရပါတယ်။ ကားဟာ မောင်းနှင်နေရင်း လမ်းကြောင်း လွှဲပြီး လူကူးမျဉ်းကျားပေါ်မှာ လမ်းဖြတ်ကူးဖို့ ရပ်နေသူတွေကို ဝင်တိုက်ခဲ့တာပါ။

အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်း အမှန်ကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က ရိုက်တာ ကို ပြောပါတယ်။