တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ လူနာအခွင့်အရေး အရေးဆိုလှုပ်ရှားတဲ့ အဖွဲ့တွေက ဆရာဝန်တွေရဲ့ လုပ်ငန်းခွင်အပေါ် ဆန္ဒဖော်ထုတ်မှုကို ကန့်ကွက်တဲ့ လူထုစုဝေးပွဲတစ်ခုကို ကြာသပတေးနေ့မှာ ကျင်းပခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ ဆရာဝန်နဲ့ လူနာ အတူလက်တွဲသင့် ၊ ဆေးမကုသဘဲနေခြင်းအား ဆရာဝန်များ ရပ်တန့် သင့် စတဲ့ စာသားပါ စာတန်းတွေ ၊ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆရာန်တွေအနေနဲ့ လက်ရှိ လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒဖော်ထုတ်မှုကို ရပ်တန့်ဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ယုန်ဟတ်သတင်းဌာနရဲ့ ဖော်ပြချက်မှာ တော့ ဆီးဗားရန့်စ်ဆေးရုံ ၊ ဂန်နမ်ဆေးရုံ နဲ့ ယုန်ဂျင်း(မ်) ဆီးဗားရန့်စ်ဆေးရုံ စတဲ့ ဆေးရုံတွေက ဆရာဝန်တွေဟာ ပြင်ပလူနာ ကုသမှု ၊ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်ကုသမှုနဲ့ တခြား ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့ လရဲ့ လကုန်ပိုင်းလောက်ကစပြီး ရပ်နားထားတယ်လို့ ဖော်ပြထားပါတယ်။

ကိုရီးယားတက္ကသိုလ်နဲ့ ချုံဘု့ခ် အမျိုးသား တက္ကသိုလ်တွေက ဆေးပါမောက္ခတွေကလည်း ဇူလိုင် (၁၂)ရက်နဲ့ (၂၆)ရက်တွေကစပြီး လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒဖော်ထုတ်ဖို့ အသီးသီး ကတိပြုထားကြပါတယ်။