၂၀၂၂ ခုနှစ်မှာ ဆားဘီးယားအစိုးရက ရုပ်သိမ်းခဲ့တဲ့ ရီယိုတင်တိုကုမ္ပဏီရဲ့ လီသီယမ်သတ္တုတူးဖော်ရေး စီမံကိန်း အတွက် အယူခံဝင်မှုအပေါ် တရားရုံးက ပြန်လည်သုံးသပ်ခြင်း ရှိ၊ မရှိ သိရှိနိုင်ဖို့ ရာနဲ့ချီတဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ဇူလိုင် ၁၁ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆားဘီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ တာဝန်ရှိသူတွေက တရားရုံးအစည်းအဝေးကျင်းပခြင်း ရှိ၊ မရှိနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ ကြာသပတေးနေ့က ထပ်ခါတလဲလဲ စုံစမ်းမေးမြန်းမှုတွေကို မတုံ့ပြန်ခဲ့ပါဘူး။

ဆားဘီးယား နိုင်ငံ အနောက်ပိုင်း လော့ဇ်နီကာအနီးက လစ်သီယမ်သတ္တုမိုင်းတူးဖော်ဖို့ ရီယိုတင်တိုရဲ့ ဂျာဒါစီမံကိန်းက နေရာ အနှံ့ အစီအမံတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လွှဲပြောင်းပေးဖို့ ဆန္ဒထုတ်ဖော်သူတွေက တရားရုံး တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

သတ္တုမိုင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအပေါ် ကန့်ကွက်မှုတွေ ကြောင့် အစိုးရက စီမံကိန်းကို အရင်က ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့လကတော့ ရီယိုတင်တိုဆီက အာမခံချက်အသစ် တွေနဲ့ လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိမရှိ ဆားဘီးယားရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ဥရောပသမဂ္ဂက အဆင်သင့်ဖြစ်နေပြီလို့ ဆားဘီးယားသမ္မတ အလက်ဇန္ဒာဗူချစ်က ပြောပါတယ်။
စီမံကိန်း အကောင်အထည်ဖော်နိုင်မယ်ဆိုရင် လျှပ်စစ်ကားတွေနဲ့ မိုဘိုင်းပစ္စည်းတွေအတွက် ဘက်ထရီတွေမှာ သုံးနိုင်တဲ့ ဥရောပရဲ့ လက်ရှိ လစ်သီယမ်လိုအပ်ချက် ၉၀ % ကို ထောက်ပံ့နိုင်မယ်လို့ သိရပါတယ်။